ဗလုံသားလေး ရဲ့အိမ်လေးကို လာလည်ကြတဲ့ သူငယ်ချင်း အားလုံးပျော်ရွင်းကြပါစေနော်...

စေတနာ

တစ်ခါက စားသောက်ဆိုင်တစ်ဆိုင်မှာလုပ်တဲ့  လူငယ်တစ်ယောက်ရှိတယ်။သူဟာ နှစ်ကြာလာတော့ ဒီစားသောက်ဆိုင်ရဲ့/အချက်အပြုတ်ကျွမ်းကျင်တတ်မြောက်လာတာပေါ့။သူလုပ်တဲ့စားသောက်ဆိုင်ကလည်း ရောင်းကောင်းတာကိုမြင်တော့ သူလည်း အခြားဆိုင်ခွဲဖွင့်ချင်လာတယ်။ဒါနဲ့သူ့ဆရာကိုပြောတယ် “ဆရာ ကျွန်တော် ဆိုင်ခွဲဖွင့်ချင်တယ်” ပေါ့၊ သူ့ဆရာကတော့ “မင်းမှာ လိုတာတွေရှိသေးတယ်၊မဖွင့်နဲ့ဦး” လို့တားတယ်/။ သုံးကြိမ်လောက်တောင်းဆိုတာမရတော့ ကိုယ့်ဖာသာပဲဆိုင်ခွဲဖွင့်လိုက်တယ်။ သူကတော့ သူ့ရဲ့ဆိုင်ကို သူ့ဆရာဆိုင်အတိုင်း အပြင်အဆင် အချက်အပြုတ်ကအစ တူအောင်လုပ်တယ်။ဒါပေမဲ့ လူက ထင်သလောက် မလာဘူး။သူ့ဆရာဆိုင်ကတော့ရောင်းကောင်းမြဲ ရောင်းကောင်းနေတာတွေ့ရတယ်။ဒါနဲ့သူကလည်း ဒီလောက် အတူတူလုပ်တာတောင် ဘာကြောင့်ရောင်းမကောင်းလဲလို့ စဉ်းစားပြီး သူ့ဆရာဆိုင်ကို ချောင်းကြည့်ပြန်တယ်။အဲဒီမှာ သူ့ဆရာဟာ ဆိုင်ဝမှာ အရုပ်တစ်ရုပ်ချထားတာကိုတွေ့တယ်။ ဒါနဲ့သူလည်းသူ့ဆရာဒါကြောင့် ရောင်းကောင်းတယ်ဆိုပြီး လိုက်လုပ်တယ်။ဒါပေမဲ့ရောင်းအားက ကောင်းမလာဘူး။နောက်ဆုံးတော့ သူလည်း သူ့ဆရာဆီသွားပြီး“ဆရာ ကျွန်တော်လည်း ဆရာ့ဆိုင်လို ချက်ပြုတ်စီမံရောင်းချတာပဲ၊ဆရာလုပ်သလို လိုက်လုပ်တာပဲ။ဘာကြောင့် ဆရာ့ဆိုင်ကရောင်းကောင်းပြီး ကျွန်တော်ကဘာကြောင့်ရောင်းမကောင်းတာလဲ”လို့မေးတဲ့အခါမှာ သူ့ရဲ့ဆရာက“မင်းကဘာကြောင့်စိတ်စေတာကို ပုံတူမကူးတာလဲ”လို့ ပြန်ပြောလိုက်တယ်။ ရည်ညွှန်း- -အားလုံးကို ပုံတူကူးနိုင်ပေမယ့် စိတ်စေတနာမရှိရင် အဖြေကတူမှာ မဟုတ်နိုင်ပါဘူး။

No comments :