ဗလုံသားလေး ရဲ့အိမ်လေးကို လာလည်ကြတဲ့ သူငယ်ချင်း အားလုံးပျော်ရွင်းကြပါစေနော်...
ချစ်သူကို တမ်းတခြင်း
သိပ်ချစ်ရတဲ့ချစ်သူရယ် အခုဆိုချစ်သူနဲ့ ခွဲနေရတာ ၆နှစ်တောင်ရှိပြီပဲ။ ဆန်းကြယ်လှတဲ့ ကံကြမ္မာရယ် မြင်းခြံနဲ့ ပဲခူး ဆိုတဲ့ မြို့နှစ်မြို့က လူနှစ်ယောက်ကို ဆုံတွေ့ ခွင့်တွေပေးပြီး အခုတော့ ဘယ်မှာနေ ဘယ်ရောက်ပြီး ဘာတွေလုပ်နေတယ်ဆိုတာတောင် သိခွင့်မပေးတော့ပါလား။ ချစ်သူ မင်းနဲ့ ကိုယ်နဲ့  ဆုံတွေ့ ခဲ့တဲ့နေရာ လေးကို ဒုတိယ အကြိမ်ရောက်ခဲ့တယ် အရာအားလုံးဟာ ပြောင်လဲမနေပါဘူး။ ရွှေမော်ဓော် ဘုရားပေါ်က ဒို့ နှစ်ယောက် ထိုင်ခဲ့ဖူးတဲ့ ခရေပင်ကြီးကလည် အရင်အတိုင်း ဒါပေးမဲ့ တစ်ခုတော့ရှိတယ်။ကိုယ်မျှော်လင့် ထားသလို့ ပဲခူးဆိုတဲ့မြို့ဟာ ချစ်သူ ရှိနေတဲ့ နေရာတစ်ခု မဖြစ်ခဲ့ဘူး။ အခုတော့ ကြည့်ပါအုန်း ချစ်သူက ကိုယ်ရှိနေတဲ့ မြန်မာပြည်ရဲ့ အဝေးကိုရောက်နေလျက်ပေါ့
>>>
ကိုလူပျို (ဗလုံ)
No comments :
Post a Comment