ဗလုံသားလေး ရဲ့အိမ်လေးကို လာလည်ကြတဲ့ သူငယ်ချင်း အားလုံးပျော်ရွင်းကြပါစေနော်...

ကိုးကွယ်ခြင်း အကြောင်း

ဒေါသ ပွားရင် ဒေါသ ထန်မယ်---
တဏှာ ပွားရင် တဏှာ သန်မယ်---
မာန ပွားရင် မာန ခံမယ်---
လောဘပွား ရင် လောဘ ကျန်မယ်---
မေတ္တာ ပွားရင် မေတ္တာ စံမယ်---
ဥပေက္ခာ ပွားရင် ဥပေက္ခာ ဆန်မယ်---
ကဲ---- ကိုယ်ကြိုက်တာ ကိုယ်လုပ်
ကိုယ်လုပ်တာ ကိုယ်ခံ
အဲဒါ ကံ ကံရဲ့ အကျိုး
ဗုဒ္ဓတရားမျိုးက ``အတ္တာ ဟိ အတ္တာနော နာထော``
ဘယ်သူ့ကိုမှ ကိုးကွယ်ဘို့ မဟောခဲ့ဘူး။
ကျူပ်တို့ ဗုဒ္ဓဘာသာကို ကိုးကွယ်တယ်ဆိုတာ
ဗုဒ္ဓရဲ့ လမ်းညွှန်ချက် တရားတော်တွေကို လိုက်နာတာပါ။
``အားကိုးပါတယ်----`` ``အကာကွယ်ပေးပါ---`` ဆိုတဲ့-- တစ်ပါးသူကို အားကိုးပြီး
တစ်ပါးသူကို အကာကွယ်ယူထားတာ ညံ့ဖျင်းလွန်းတဲ့ စိတ်ဓါတ်ပါပဲ--- အဲ-- စော်ကားတယ်ဆိုရင်တော့ ဆောရီးပါဗျာ
ငြိမ်းချမ်းချင်တဲ့ အာသီသ နဲ့ မေတ္တာ ပွားလိုက်ဦးမယ်---
``လူသား အားလုံး အမြင်မှန် ရကြပါစေ---``


ကိုစိုးနိုင် (မြန်မာ့အရုဏ်သစ်)

No comments :