ဗလုံသားလေး ရဲ့အိမ်လေးကို လာလည်ကြတဲ့ သူငယ်ချင်း အားလုံးပျော်ရွင်းကြပါစေနော်...
ချစ်လျက်နဲ့ ဝေး
တကယ်တန်းဝေးရတော့မှ
ငါ...မင်းကို ချစ်တာပိုသိသာလာတယ်...
နောက်ဆုံး ချိန်လေးမှာ
ငါ...မင်းမျက်နှာလေး ကြည့်မဝခဲ့ပါ...
လက်ပြနုတ်ဆက် တော့မှ
ငါ...မျက်ရည်တွေ
အမိန့်မပေးဘဲ ကျခဲ့ရတယ်..
အကြောင်းကြောင်း ကြောင့်...
ဝေးရပေမဲ့ ငါတကယ်
မင်းနဲ့ မဝေးချင်ဘူး...
အရင်က မင်းတဖွဖွပြောတဲ့
စကားလေးတွေ...
ငါဘယ်ချိန်မှ ပြန်ကြားနိုင်မှာလဲ...
တချိန်ပြန်ဆုံမှာပါ လို့
ငါမျှော်လင့်နေမှာပါ...
ရင်မှာ နေရာ အပြည့်ယူတဲ့
မင်းကို ဝေးနေရမဲ့နေ့ရက်တွေကို
ငါဘယ်လိုကျော်ဖြစ်ရမလဲ...
ချစ်လျှက် နဲ့ ဝေးရတဲ့ ဒုက္ခ
ဘယ်သူခံစား နိုင်မှာလဲ
ပုထုစဉ်ထဲက ပုထုစဉ်
ငါလဲ အပါအဝင်မို့
မခံစား နိုင်ဘူး ချစ်သူရယ်...
>>>
ကိုလူပျို (ဗလုံ)
No comments :
Post a Comment