ဗလုံသားလေး ရဲ့အိမ်လေးကို လာလည်ကြတဲ့ သူငယ်ချင်း အားလုံးပျော်ရွင်းကြပါစေနော်...

”မ”ဆိုရင် မကောင်ဘူး

၁ ။ ။ ဖော်ဖော်ရွေရွေ များ ဆက်ဆံမိလိုက်ရင် ပြောပါလိမ့်မယ် " သူ့ ကိုပိုးပန်းနေတယ်"လို့ အဲလိုမှ မလုပ်ပြန်ရင်လည်း " ဘ၀င်မြင့်တဲ့ ကောင် " .. တဲ့။ ၂ ။ ။ သပ်သပ်ရပ်ရပ်များ ၀တ်စားမိရင် ပြောပါလိမ့်မယ် " သူ့ ကိုမြူဆွယ်နေတယ် " .. လို့  အဲလိုမှမ၀တ်ပြန်ရင်လည်း " တောသား " .. တဲ့။ ၃ ။ ။ သူ့ ကိုများပြန်ငြင်းခုံမိရင် ပြောပါလိမ့်မယ် " ခေါင်းမာတဲ့ ကောင် " .. လို့  ငြိမ်နေပြန်တော့လည်း " အဖြစ်မရှိတဲ့ ကောင် ".. တဲ့။ ၄ ။ ။ သူ့ ထက်များပိုတော်နေရင် ပြောပါလိမ့်မယ် " အလကားပါ " .. လို့  သူကများပိုတော်နေရင်တော့လည်း " အရည်အချင်းကြောင့် " .. တဲ့။ ၅ ။ ။ သူ့ ကိုများမကြိုက်ဘူးဆိုရင် .... သင့် ကိုပိုင်ဆိုင်ဖို့ ကြိုးစားပါလိမ့်မယ် ....... သူ့ ကိုကြိုက်မိပြန်တော့လဲ သင့် ကိုထားခဲ့ပါလိမ့်မယ် .. တဲ့။ ၆ ။ ။ ချစ်နေတဲ့ အမူအရာပြမိရင်ပြောပါလိမ့်မယ် " အပေါစား ကောင် " .. လို့  အဲလိုအမူအရာ မပြပြန်တော့လည်း " လူဗာလ ".. တဲ့။ ရ ။ ။ အခက်အခဲရှိလို့ တိုင်ပင်မိရင် ပြောပါလိမ့်မယ် " ဂြိုလ်ကောင် " .. လို့  မတိုင်ပင်ပဲနေပြန်တော့လည်း " သူ့ ကိုမယုံကြည်လို့  " .. တဲ့။ ၈ ။ ။ သူ့ ကိုများအော်ငေါက်မိရင် ပြောပါလိမ့်မယ် " လူရမ်းကား " .. လို့  သူကများအော်ငေါက်ရရင်တော့ " ဆုံးမတာ " .. တဲ့။ ၉ ။ ။ ပေးထားတဲ့ကတိဖျက်မိရင် ပြောပါလိမ့်မယ် " လူလိမ် " .. လို့  သူ့ ဘက်ကဖျက်မိရင် ပြောပါလိမ့်မယ် " မလွှဲမရှောင်သာလို့ ပါ " .. တဲ့။ ၁၀ ။ ။ သူ့ ရှေ့မှာများဆေးလိပ်သောက်မိရင် ပြောပါလိမ့်မယ် " လူမိုက် " .. လို့  သူ ပိုကာ ဆွဲတာကျတော့ " အပျင်းပြေပါ " .. တဲ့။ ၁၁ ။ ။ သင် စာမေးပွဲအောင်ရင် ပြောပါလိမ့်မယ် " ကံကောင်းလို့ ပါ " .. လို့  သူ အောင်ခဲ့ရင်တော့ " အရည်အသွေးကြောင့် ".. တဲ့။ ၁၂ ။ ။ သူ့ ကိုများမတော်တဆနာကျင်စေမိရင် ပြောပါလိမ့်မယ် " အကြင်နာတရားမဲ့တဲ့လူ " .. လို့  သူ့ ကြောင့်များ သင်ထိခိုက်မိခဲ့ရင်တော့ " အထိမခံ ရွှေပုကန် " .. တဲ့။ မိန်းမ အကြိုက် ၁၀ ခါလိုက်လည်း မလိုက်တစ်ခါ ရှိခဲ့ပါမူ ကြီးစွရန်သူ စွဲမှတ်ယူ၏ ...... တဲ့။ ဒီစာကို မိန်းမတွေဆီ ပို့ ပေးမိရင် ပြောပါလိမ့်မယ် " မဟုတ်မဟတ် " တွေလို့  ........ မပို့ ပြန်တော့လည်း " အတ္တသမားတွေ " .. တဲ့။ ယောကျာင်္းလေးများ ရီမောပျော်ရွှင်နိုင်ကြပါစေ။ ကျတော်ရေးတာမဟုတ်ပါ ကိုဇင်မင်းဆိုသူရေးပါသည် ပြန်လည်မျှဝေပါသည် (ဟာသအမြင်နဲ့ကြည့်နော် ဟဲဟဲ)

No comments :