ဗလုံသားလေး ရဲ့အိမ်လေးကို လာလည်ကြတဲ့ သူငယ်ချင်း အားလုံးပျော်ရွင်းကြပါစေနော်...

အဖြူရောင်ပဲလား

ရိုးသားခြင်းဟာ အဖြူရောင်ဖြစ်ခဲ့ရင် ... ကျွန်တော့်နှလုံးသားက အနက်ရောင်ပါ ... သူငယ်ချင်းတွေကပြောတယ် .... `` မင်း .. သူ့အပေါ်မရိုးသားတော့ဘူး ´´... တဲ့ ၀န်ခံပါတယ် ...ကျွန်တော် သူ့ကိုချစ်ခဲ့မိတယ် ... ။ ဒုတိယမြောက် ရိုမီယိုကပြောတယ် `မျှော်လင့်ခြင်းက အပြာရောင် ´ တဲ့ သူ့အချစ်ကို မျှော်လင့်နေခဲ့ရတဲ့အတွက် ပြာလွင့်တဲ့ မိုးကောင်းကင်ကြီးနဲ့ ငါ့နှလုံးသားဟာ တစ်ထပ်တည်းကျခဲ့ပြန်ရော ...... ။ အဖြူထည်သက်သက် ငါ့နှလုံးသားဟာ အနက်ရောင်အဖြစ်ပြောင်းလဲပြီး မင်းအချစ်ကို ပြာလွင့်လွင့်မျှော်လင့်နေခဲ့ရပေမယ့် ချစ်သူရယ် ... မင်းနှလုံးသားကတော့ အဖြူရောင်အဖြစ်နဲ့ပဲ ရှိနေဆဲပဲလားကွယ်......။

No comments :