သားကို ထမင်း နပ်မှန်အောင် ကျွေးနိုင်ဖို့
အမေ....ထမင်း ဘယ်နှစ်နပ် ငတ်ခဲ့ရလဲ....
အဖေ ငတ်တဲ့ သား...
လူကြားထဲ ဆွဲသွင်းလို့
ပညာတတ် ဖြစ်စေချင်ခဲ့တာ
အမေ အင်္ကျိ အသစ် မရှိတော့ ဘာဖြစ်လဲ တဲ့
သား ကျောင်းသွားဖို့ မုန့်ဖိုးတွေ ပေါပေါပေး
ဖိနပ် အမြီးပြတ်လေးနဲ့
နေပူထဲအလုပ် လုပ် တဲ့ အမေ.... ခုတော့ အမေ့အဖော်က ဆေးပြင်းလိပ် အတိုလေးတွေပေါ့...
စကား များများ မပြောဖြစ်ခဲ့တာ
သား ခွဲ ကာစ ကတည်းက ဆို...
အခု သား အကြောင်းတွေးနေတယ် ထင်ပါရဲ့...
အရေတွန့်နေတဲ့ ပါးပြင်မှာ
မျက်ရည်တွေ က ခွန်အားမဲ့စွာ တဖြည်းဖြည်း...
အို...အမေရယ်...
ခနလေး စောင့်နေပေးပါ...
သား...ပြန်လာတော့မယ်လေ...
အမေ ငေးမောနေစရာ မလိုတော့ဘူး
အမေ မျက်ရည်ကျစရာ မလိုတော့ဘူး
သား ဘယ်လောက် ပင်ပန်းပါစေ
ဆန်ရေ ဖြစ်စေရမယ်...
ပြန်လာတဲ့ နေ့ကို စောင့်ပေးပါ
အမေရယ်....
ကဗျာ ရှင်