လက်ဗလာ ကိုယ်ဗလာ နဲ့ ကျွန်တော်တို့ ဘ၀ကို စတင်ဝင်လာခဲ့ကြတယ် အကြောက်တရားကို ဂရုမစိုက်ဘူး...အရှက်တရားဆိုတာလည်းမရှိခဲ့ကြသေးဘူး...
ကျွန်တော်တို့တစ်တွေအားလုံး တစ်ဖြည်းဖြည်းနဲ့ အကြောက်တရားတွေရှိလာခဲ့တယ်... အရှက်တရားတွေလည်းရှိလာခဲ့တယ်..
ငိုကြွေးရင်း နဲ့ လိုချင်တာကို တောင်းလာခဲ့ကြသေးတယ်... ကိုယ်တိုင်မသွားနိုင်တဲ့နေရာကို အကူညီအနဲ့ သွားခဲ့ကြရပြန်တယ်...
ဒီလိုနဲ့ တစ်ဖြည်းဖြည်း စူးစမ်းမှုတွေ လေ့လာမှုတွေကိုစတင်လာကြပြန်တယ်...
အဲဒီစူးစမ်းမှုတွေမှာ အရောင်တွေ ကာလတွေ ၊ ချစ်စရာ ၊ငိုစရာ စသဖြင့် အားလုံးအားလုံးပေါ့...
အဆင့်ဆင့်ကို လေ့လာ သင်ယူရင်းဖြတ်သန်းလာရင်း အရှက်တရားတွေ ပိုလာခဲတယ်.. အကြောက်တရားတွေလည်းရှိလာတယ်..
လိုချင်မှုတွေလဲများလာတယ်... ချစ်တတ်လာကြသေးတယ် မုန်းတတ်လာကြသေးတယ်....
အရာအားလုံးကို နားလည်လာတဲ့အခါမှာတော့ ကျွန်တော်တို့လေ့လာမှုဟာ တော်တော် ကြီးကို ခရီးရောက်နေခဲ့ပြီလေ...
မာနတွေထားတတ်နေပြီ..ဂုဏ်ဓနချင်းပြိုင်နေတတ်ကြပြီ...ပြိုင်ဆိုင်မှုတွေပြင်းထန်လာကြတယ်..
မနာလိုမှုတွေနဲ့ တစ်ဖက်သားကို ချောက်ချမှုတွေ ပါဝင်ရောယှက်လာခဲ့တယ်...
ဒါတွေအားလုံးကို လုပ်နေတဲ့သူတွေကော ကျွန်တော်တို့ကိုယ်တိုင်ကော ဘာအတွက် လုပ်နေတယ်ဆိုတာကို
အဖြေရှာကြည်ခဲ့ဘူးလား...အဖြေရှိတဲ့လူလည်းရှိမှာပါ.. မရှိတဲ့လူလည်းရှိမှာပါ
ဘယ်သူကိုမှ အပြစ်တင်လို့မရဘူးလေ ကျွန်တော်တို့ ဟာ လူတွေဖြစ်နေကြတာကိုး...
အားနည်းသူကို နှိမ်ချင်လာကြတယ် အားကြီးသူကို မြှောက်ပင့်လာကြတယ်...
လူလူချင်း သနားစာမှုဆိုတာ မရှိကြဘူး လေ့လာမှု သင့်ယူမှုလွဲမှားခဲ့ကြတာလား ..
ဘာပဲဖြစ်ဖြစ်လေ ကျွန်တော်တို့ လူနဲ့တူနဲ့လူ ဖြစ်အောင် ကျွန်တော်တို့ကြိုးစားသင့်ပါတယ်...
ကျွန်တော်ကိုယ်တိုင်လည်း မပြည့်စုံသေးပါဘူး လေ့လာနေတုန်းပါပဲ..
အဲဒီလေ့လာသင့်ယူမှုလေးတွေမှာ ရင်ဘတ်နဲ့ သင်ယူရတဲ့ အခါတွေရှိတယ်... ဒီလိုပဲ တစ်ခါတစ်လေ ရင်ဘတ်ဆုတ်ပျက်သွားတာလည်းရှိတယ်...ဒါဟာ သင်ခန်းစာတစ်ခုပါပဲလေ..
ဘ၀အတွက် သင်ခန်းစာကို လက်တွေဘ၀မှာ သင်ပေးခဲ့ကြတဲ့ လူတွေလည်းရှိပါတယ်.. လွဲမှားတဲ့လမ်းတွေပေါ်မှာ
ကျွန်တော်တို့ လျှောက်ရတဲ့အခါလည်းရှိတယ်.. ကောင်းတဲ့လမ်းမှာလည်း လျောက်ခဲ့ကြရပါသေးတယ်...
ဘာတွေပဲဖြစ်ဖြစ် ကျွန်တော်တို့အားလုံးက စူးစမ်းတတ်တဲ့လူသားတွေပဲ...
ဘ၀မှာ သင်ယူစရာတွေများသလို့ နာခံစရာတွေ မှတ်သားဖွယ်ရာတွေ အဖုံဖုံကို ဆည်းပူးနေကြရတာလေ..
ခလေးဘ၀၊လူငယ်ဘ၀၊လူကြီးဘ၀ အဆင့်ဆင့်ကိုဖြတ်ကျော်ရတယ်...
တစ်ချို့ဘ၀တွေ့က ရွေးချယ်လို့မရဘူး တစ်ချို့ဘ၀တွေက ရွေးချယ်လို့ရတယ်...
ဒါကြောင့် ရွေးချယ်လို့မရတဲ့ လမ်းမှာလျှောက်ခဲ့ကြရပေမဲ့ ငိုကြွေးနေယုံ တမ်းတနေယုံနဲ့မရဘူးလေ..
ဆက်လျှောက်ကြရရုံပေါ့ ကိုယ်သွားခဲ့တဲ့လည်းကိုလည်း အကောင်းဆုံးဖြစ်အောင် လုပ်လို့ရပါသေးတယ်....
လမ်းတွေအမှားကြီးရှိနေတာကို မသွားခဲ့ရတဲ့ လမ်းအတွက် ကျွန်တော်တို့ မှိုင်နေလို့မဖြစ်ဘူး ရပ်နေလို့မဖြစ်ဘူး
တစ်ခြားလမ်းတွေကို လျောက်ကြည့်ရင်း အောင်မြင်မှုတွေနဲ့ လူပီသတဲ့ လူတစ်ယောက်အဖြစ်ပိုင်ဆိုင်ဖို့ကြိုးစားကြရမယ်...
ဘယ်လိုပဲဖြစ်ဖြစ် လူဆိုတာ အသိဥာဏ်နဲ့ စဉ်းစား ဆင်ခြင်မှုတွေရှိတယ်...
ကျွန်တော်တို့အားလုံးက လူလူချင်းစာနာမှုတွေ အားပေးမှုတွေနဲ့ ရှေ့ဆက်ကြရမယ်..
ဂုဏ်ဓနတွေ၊မာနတွေ အားလုံးက ကျွန်တော်တို့ အရင်သေသွားခဲ့တဲ့ လူတွေမှာ ပါသွားခဲ့လားဆိုတာကို လေ့လာကြည့်ပါ..
ဗလာနဲစတဲ့ ဘ၀ဟာ ဗလာနဲ့ပဲ အဆုံးသတ်သွားရတယ်... မပြီးဆုံးတဲ့ သံသရာတဲ့မှာ လူတွေအားလုံး
လူပီသကြမယ်ဆိုရင် အကောင်းဆုံးပါပဲ...
သင်သေသွားသော် သင်၏သားမြေး သင်နဘေးမှာ ငိုကြွေးယုံမှတစ်ပါး ထားရစ်ခဲ့ရတယ်..
သင်သေသွားသော် သင်၏ ချစ်သူ ကြင်နာသူလည်း ထားရစ်ခဲ့ရ....
သင်သေသွားသော် သင်၏ဂုဏ်ဓနနှင့် မာန အဖုံဖုံ ထားခဲ့ကြရ...
သင်သေသွားသော် သင်နှင့်သင်သာ ပါသွားခဲ့ရာ သင်ဟာ ဗလာ.. ဘာမှ မပါခဲ့တော့ပါဘူး...
ကျွန်တော်တို့ရဲ့ အားလုံးသော ကျန်ရစ်တဲ့ ဘ၀တွေမှာ လေ့လာသင်ယူရင်း ကောင်းသော အကျင့် မြတ်သောအကြံ
ဖြူသော နှလုံး နှင့် သူတော်ထုံးကို ကျင့်ကြံအားထုတ် နိုင်ကြရင်း ပျော်ရွင်စွာဘ၀ကို ဖြတ်သန်းနိုင်ကြပါစေ....
Phoenix lay@လေပြည် http://panpyoelatt.blogspot.com/2012/02/blog-post_1534.html